ချုပ်နှောင်ထားသောသစ္စာ
ချုပ်နှောင်ထားသောသစ္စာ အပိုင်း ၁
(Script By PYG2)
xartoonzmm
သူ့နာမည်က ဟန်နီတဲ့...
အိမ်ကလူတွေက ချစ်စနိုးနဲ့
ဟန်နီ ဟန်နီ ခေါ်ရင်းကနေ
ဟန်နီ လို့ နာမည်တွင်သွားတာပေါ့။
သူက ချမ်းသာတယ်....
ဆောတီး ချမ်းသာတယ်လို့ပြောရင် နည်းနည်းမှားလိမ့်မယ်
သူ့အဖေကသာ ချမ်းသာတာ....
အခု့ကလက်ရှိ ဟန်နီက တက္ကသိုလ်တက်နေပြီ....
ငယ်ရွာစဉ်အခါတည်းက ဟန်နီဟာ သာမာန်ယောက်ျားသားတွေနဲ့ မတူ နွဲ့တိနွဲ့နောင်းဆန်တယ်
ခြောက်နေသလားဆိုတော့လည်း မဟုတ်ဘူး...
ကောင်မလေးရှိလားဆိုရင်လည်း
ရှိတယ်ပဲဖြေရမယ်....
သို့ပေမဲ့ ဟန်နီက ဆံပင်အရှည်ထားတယ်
ရွှေအိုရောင် ဆိုးထားတယ်။
ကျောင်းမှာဆိုလည်း ခနခန အနိုင်ကျင့်ခံရတော့
ဖခင် ကိုကြိုင် က ရွာဖက်က သူ့တူလေး ထွန်းညိုကို တွဲဖက်မွေးစားပြီး ဟန်နီငယ်စဉ်တည်းက ဟန်နီ့ရဲ့ ဘော်ဒီဂတ်လုပ်စေတယ်။
တက္ကသိုလ်မှာ ယောက်ျားလေးသူငယ်ချင်းထက်
မိန်းကလေးများတယ်။
Best Friend ၅/၆ယောက်လောက်ရှိပါတယ်။
ထွန်းညိုက အသားအရည်အညိုစင်ဖြစ်ပြီး
အရပ်ရှည်ကာ ကိုယ်လုံးကိုယ်ပေါက် ကြံ့ခိုင်တယ်။
ဖခင်ကြီး ကိုကြိုင်က ထွန်းညိုကိုလည်း သူ့သားသဖွယ်
ထောက်ပံ့ပေးလေ့ရှိတယ်။
ဟန်နီက သူဌေးသားဆိုတော့
ကျောင်းတက်တာတောင်ကားနဲ့....
စော်ကလဲ ကြည်လိုက်တာမှ
ဝိုင်းဝိုင်းလည်နေကော
ထွန်းညိုကတော့ ဘော်ဒီဂတ်တစ်ဖြစ်လဲ
ကားဆရာပေါ့ကွာ..
ဒီလိုနှင့် တစ်ရက်မှာတော့....
တက္ကသိုလ် နှုတ်ဆက်ပွဲရောက်လာခဲ့တယ်။
နောက်ရက်ဆို အိမ်ပြန်ကြတော့မဲ့ သူတွေက တပုံကြီးလေ။
ပျော်ကြပါးကြ
သောက်ကြစားကြပေါ့....
အဲ့အထဲ ဟန်နီလည်းအပါအဝင်ပေါ့
ထွန်းညိုကတော့ မသောက်ဘူး
ဘာကြောင့် ဆိုသူ့မှာက
ဟန်နီ့ကို စောင့်ရှောက်ရမဲ့ တာဝန်ရှိတယ်။
စကားတွေဖောင်ဖွဲ့ပြောရင်း
ညဉ့်ကနက်လို့လာတယ်...
ဟန်နီက သောက်စမရှိတော့
အချိန်ကြာလာလေ သူမူးလာလေဖြစ်လာတယ်။
ထွန်းညိုက ပြန်ဖို့ ခနခန ပြောပေမဲ့
မူးနေတဲ့ ဟန်နီကတော့
ထွန်းညိုကို လက်အောက်ငယ်သားလို ဆက်ဆံတယ်......
လူများအရှေ့ အော်ဟောက်တယ်။
ငွေအားလုံးလည်းရှင်းပြီးရော
ဟန်နီတစ်ယောက် မတ်တပ်ပင်မထနိုင်တော့ဘူး...
ဒီလိုနဲ့ ထွန်းညိုလည်း သူ့ကိုပွေ့ဖက်ထူရင်း အားလုံးကို ဂရု့စိုက်ပြန်ဖို့ ပြုံးပြုံးလေးမှာကြားကာ ကားနှင့် အိမ်ပြန်ခရီးဆက်ခဲ့ကြတယ်။
ထွန်းညိုစိတ်ထဲမှာတော့
ဒေါသအလိပ်လိုက်ထွက်နေမိတယ်။
အကြောင်းကတော့
ဟန်နီ့ဟာ
ထွန်းညို Crush နေတဲ့
ကောင်မလေးရှေ့မှာ အော်ဟောက်ခဲ့လို့ဖြစ်တယ်။
ထွန်းညိုစိတ်ထဲမှာ
အဆင်မပြေပေမဲ့...
သူဌေးအပေါ်သစ္စာရှိမှု့
ဟန်နီ့အပေါ် လေးစားမှု့
နောက်ပြီး ဟန်နီဆိုတာက
သူ့ထက်ငယ်တယ်....
သူငယ်ငယ်တည်းက စောင့်ရှောက်လာရတဲ့ ကောင်လေးလေ....
ထွန်းညိုကိုယ့်စိတ်ကိုယ်ထိန်းရင်း ကားဆက်မောင်းနေတယ်။
ဟန်နီကတော့ မှန်ကိုမှီရင်း
အိပ်ပျော်နေခဲ့ပြီ.....
ထွန်းညိုဆိုတာက တော်ယုံ ဒေါသဖြစ်တဲ့သူမဟုတ်
အနေအေးတယ် စကားသိပ်မပြောဘူး...
သို့ပေမဲ့ ဟန်နီက သိသိကြီးနဲ့
သူ့ Crush ရှေ့မှာ အော်ဟောက်တဲ့အပေါ် စိတ်ခု့နေမိတယ်။
အရှက်လည်းရသွားတာကိုး...
အဲ့တာနဲ့ စိတ်ပြေလက်ပျောက်ဆိုကာ
ထွန်းညိုတစ်ယာက် G&G Mart မှာ ဘီယာတစ်ဗူးဝယ်လိုက်တယ်။
စိတ်အပန်းဖြေဖို့သပ်သပ်ပါ
ထွန်းညိုကလဲပြောရရင် အူရိုင်းလေး...
ဘီယာဆိုတာကိုတောင် ဒေါသဖြစ်တာပျောက်ဖို့ ရှက်ရှက်နဲ့
ဆင်းဝယ်တာ....
သောက်ဖူးတဲ့ကောင်မဟုတ်...
စိတ်တိုတိုနဲ့
ဘာဘီယာမှန်းမသိ ဘီယာဗူးရှည်ကိုယူပြီး
ကားပေါ်တက် ယာဉ်မောင်းခုံမှာထိုင်လို့
"ရှုး" ဆိုတဲ့ အသံနဲ့အတူ
ဘီယာကို တစ်ဘရိတ်တည်း မောချလိုက်သည်။
သူ့ခန္ဓာကိုယ်တစ်ခု့လုံး နွေးထွေးသွားသလိုခံစားလိုက်ရပြီး
တစ်ဆက်တည်းမှာပင်
သူတင်းနေသော စိတ်ကလည်းပြေလျော့သွားတယ်။
ထွန်းညို အိမ်ပြန်လမ်းကို ဆက်လို့မောင်းနှင်လာခဲ့တယ်။
ပြဿနာက စပြီ
ထွန်းညိုတစ်ယောက် မူးလာပြီ...
စိတ်ဆိုးလို့သာ ဘီယာကိုအတင်းမော့ချတာ
ဘီယာ မူးဒဏ်ကို သူမသိ...
ခံနိုင်ရည်လည်းမရှိတာကြောင့် မြို့အထွက်နားတင်
ဒေါင်ချာဆိုင်းနေခဲ့ပြီ.....
ထွန်းညို ခေါင်းတွေ ချာချာလည်ပြီး
ကားကိုတစ်လိမ့်ချင်းလိမ့်နေရသည်။
ညဉ့်ကလည်းနက်နေပြီမို့
ကားသွားကားလာကလည်းရှင်းနေပြီ....
ဒီတိုင်းဆိုမဖြစ်ဘူး အရှိန်
ဒီထပ်ဆက်တက်လာရင်
လမ်းဘေးမှာ အိပ်ရတော့မည်..
ထွန်းညို မဖွင့်နိုင်တဲ့ မျက်လုံးကို အတင်းဖွင့်ကာ
တစ်လိမ့်ချင်းဆက်မောင်းလိုက်သည်။
ခပ်လှမ်းလှမ်းမှာ ဆိုင်းဘုတ်တစ်ခု့ကိုသူမြင်လိုက်သည်။
ဖတ်ဖို့ အမြင်တွေကဝေဝါးနေပေမဲ့....
အောက်ဆုံးမှာ ထင်းနေတဲ့
Motel ဆိုသော စာလုံးလေးကိုမြင်လိုက်ရတာကြောင့်.....
နာရီဝက်လောက်မောင်းရမဲ့ခရီးမှာ အန္တရာယ်များတာကတကြောင်း.....
မတော်လို့ အိမ်ပြန်မရောက်ပဲ
ကားမှောက်နေမှာ စိုးရိမ်ရတာကြောင့်
ထို Motel မှာ အိပ်ဖို့သာ ဆုံးဖြတ်လိုက်တော့သည်။
Comments
Post a Comment